Saturday, August 6, 2016

ပင်လုံပြန်ကမန်လူငယ်နှစ်ဦးသတင်း


ရခိုင်ရာဇဝင်စာအုပ် ဒေါင်းရန်

ဦးအောင်သာဦး (BA) ရေသားသော
ရခိုင်ရာဇဝင်စာအုပ်ကို အောက်ပါလင့်ခ်
တွင် Download ရယူနိုင်ပါသည်။

Download Here


















Source : Internet

ပင်လုံရောက် ကမန်လူငယ်နှစ်ဦး၏ပုံရိပ်

Source : Facebook













ပင်လုံပြန် ကမန်လူငယ်နှစ်ဦး သတင်းစာရှင်းလင်းပွဲ







လုပ်အားပေးကမန်လူငယ်များ

ကမန်တိုင်းရင်းသားလူငယ်ဆုပေးပွဲမှာ
လုပ်အားပေးခဲ့တဲ့ကမန်လူငယ်တွေပါ

မြောက်ဦးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော အင်တာဗျူး

မြောက်ဦးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးဦးလှစော အင်တာဗျူးမှ




လူငယ်ပင်လုံညီလာခံပြန် ကမန်လူငယ်နှစ်ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ
ညီလာခံတက်ရောက်ခဲ့သည့် ကမန်လူငယ်နှစ်
ဦးမှ အတွေ့အကြုံကိုပြန်လည်ရှင်းလင်းတင်ပြ
သည့် အခမ်းအနားကို ကမန်တိုင်းရင်းသားလူငယ်
များအစည်းအရုံးမှလူငယ်များလည်း ပါဝင်တက်
ရောက် ဆွေးနွေးခဲ့ကြပါတယ် (4.8.2016)





ကမန်မျိုးနွယ်စုသမိုင်း

ကမန်မျိုးနွယ်စုသမိုင်း
မောင်ဆန္ဒ (လယ်ဝေး)

နိုင်ငံဂုဏ်ရည်စာပေတိုက်က
၂၀၀၅ ခုနှစ်မှာ
ထုတ်ဝေခဲ့တာဖြစ်ပါတယ်

အောက်ပါလင်ခ့်မှာ
 ဒေါင်းနိုင်ပါတယ်

Download Here




Friday, August 5, 2016

ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးစုများ


ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးစုများ
(ဦးလှထွန်းဖြူ) PDF

















ကမန်တိုင်းရင်းသားအပါအဝင် ရခိုင်ပြည်နယ်
ရှိတိုင်းရင်းသားမျိုးနွယ်စုများအကြောင်းကို
သတင်းစာဆရာကြီး နိုင်ငံတော်ကောင်စီဝင်
ဟောင်း ရခိုင်အမျိုးသားဦးလှထွန်းဖြူမှ
ရေးသားထားသောစာအုပ်ဖြစ်ပါသည
၁၉၈၁ ခုနှစ်ကထုတ်ဝေခဲ့သောစာအုပ်ဖြစ်ပီး
ရခိုင်မျိုးနွယ်စုများအကြောင်းကိုကွက်ကွက်ကွင်း
ကွင်းဖော်ပြထားသော စာအုပ်ကောင်းတစ်အုပ်
လည်းဖြစ်သဖြင့် စိတ်ပါဝင်စားသူများ
ရခိုင်ဒေသအကြောင်းလေ့လာနေသူများ
အတွက် ကျွန်တော်တို့  ကမန်တိုင်းရင်းသား
လူငယ်များအစည်းအရုံးမှတင်ပြပေးလိုက်ပါတယ်

အောက်ပါလင့်ခ်တွင်ဒေါင်းပါရန်

Download Here

Monday, January 18, 2016

ကမန်ဟူသောဝေါဟာရရှင်းတမ်း

ရခိုင်မျိုးနွယ်စုဝင်တိုင်းရင်းသားခုနှစ်မျိုးရှိရာကမန်တိုင်းရင်းသား
သည်တစ်မျိုးအပါအ၀င်ဖြစ်ပေသည်။ကမန်တိုင်းရင်းသားတို့
သည်ရခိုင်မျိုးနွယ်စုဝင်ဖြစ်သည်သာမကာတိုင်းရင်းသား
၁၃၅မျိုးဝင်လည်းဖြစ်သဖြင့်အခြားတိုင်းရင်းသားများကမန်အမျိုး
သားတို့နှင့်ပတ်သက်၍ပိုမိုသိရှိစေရန်ရည်ရွယ်၍ဤပိုစ်ကိုရေး
သားရခြင်းဖြစ်ပါသည်။

ပထမဦးစွာအနေဖြင့်ကမန်ဟူသောဝေါဟာရအနက်ကိုမြန်မာ
စာအထူးပြုစတုတ္တနှစ်သင်ရိုးပါအဒူမင်းညိုရေး'ရခိုင်မင်းသမီး
ဧချင်း'တွင်ဖွင့်ဆိုထားသည်ကိုတင်ပြပါမည်။

ကမန်=လေးမြားအတက်တွင်ကျွမ်းကျင်သောလေးသည်တော်
ကိုခေါ်သည်။ရခိုင်တပ်မတော်တွင်လေးသည်တော်တပ်ပါရှိ
ရာအမှုထမ်းသူများကို ကမန် ဟုခေါ်သည်။

သမိုင်းဆရာ GE Harvey ၏ History of Burma ပါကမန်၏
အနက်ဖွင့်ကိုလည်းတင်ပြပါမည်။

Kaman ( Persian kaman=a bow )

အထက်ပါနှစ်ချက်ကိုထောက်ဆ၍ကမန်ဆိုသည်မှာပါးရှား
ဘာသာမှဆင်းသက်လာသောစကားလုံးဟုအကြမ်းဖျင်း
မှတ်ယူရပါသည်။ထို့အပြင်ကမန်ဆိုသူမှာလူမျိုးဘာသာ
စသည်ကိုကိုအစွဲမပြုပဲကမန်လေးတပ်တွင်တာဝန်
ထမ်းဆောင်ခဲ့သည်များကိုခေါ်သည်ဟုလည်းမှတ်သား
ရပါသည်။ဤသို့ဖြစ်လျှင်ကမန်မျိုးနွယ်စုတစ်ခု
မည်သို့ဖြစ်ပုံလာသည်၊တိုင်းရင်းသားမျိုးနွယ်စုတစ်ခု
အမည်နာမည်သည်မည်သည့်အတွက်တိုင်းတစ်ပါး
ပါရှားတို့၏စကားဖြစ်နေသည်ကိုဆက်လက်
တင်ပြပါမည်။

ကမန်လေးသည်တော်တပ်မှသည်ကမန်လူမျိုးအဖြစ်သို့ရောက်
ရှိလာပုံကိုအကြမ်းဖျင်းတင်ပြရလျှင်မင်းဘာကြီးလက်ထက်
တွင်ပါရှားနိုင်ငံမှာသံအမတ်ကြီးကာဒီဦးဆောင်သောသံ
အမတ်ကြီးသုံးပါးရောက်ရှိလာခဲ့သည်။ထိုသံအမတ်ကြီး
တို့သည်ရခိုင်ဘုရင်အားလက်ဆောင်ဆက်သ၍
အစ္စလာမ်ဘာသာနာပြုခြင်းလုပ်ငန်းကို
တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့သည်။ထို့အတွက်
လည်းတချို့ရခိုင်တို့အစ္စလာမ်သာသနာသို့
ကူးပြောင်းသက်ဝင်သွားကြကြောင်းကိုဦးအောင်သာဦး
ရေး ရခိုင်မဟာရဇ၀င်ကြီးနှင့်ဆရာတော်
ဦးဥာဏရေးဓည၀တီရာဇ၀င်သစ်တို့တွင်တင်ပြထားသည်။
နောက်ပိုင်းတွင်ရှင်မြ၀ါတင်သွင်းတောရွှေမျဉ်းဓမ္မသက်
ကြောင့်သာသာသနာပြုလုပ်ငန်းများရပ်ဆိုင်းသွားခဲ့
ကြောင်းကိုလည်းတွေ့ရသည်။ရှာရှူဂျာမင်းသားအ
ရေးအခင်းနောက်ပိုင်းတွင်ကမန်လေးသည်တော်
တို့ပါဝင်သောကိုယ်ရံတော်တပ်သည်
ရခိုင်ထီးနန်းကိုချုပ်ကိုင်ပီးနန်းတင်နန်းချခြင်းများကိုပင်ကြိုး
ကိုင်ချယ်လှယ်ခဲ့ကြသဖြင့်တိုင်းပြည်မငြိမ်မသက်ဖြစ်လာသည်။
စန္ဒ၀ိဇယရာဇမင်းတက်သည်မှစ၍ကမန်လေးသည်တော်
ကို့ကိုနှိပ်ကွပ်သည်။ကိုယ်ရံတော်တပ်ကိုလည်းဖျက်
သိမ်းသည်။ဘာသာတူရာအလိုက်မြို့ရွာများတည်
ထောင်ပေးသည်။ထို့အတွက်ကမန်လေးသည်တော်
မွအစၥလာမ္ဘာသာကိုးကြယ္သူမ်ားစု
မိကာအနေကြာလာသောအခါကမန်မျိုးနွယ်စုတစ်ခု
အဖြစ်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ကမန်တို့သည်
ဘာသာရေးအရအစ္စလာမ်ဘာသာကိုးကွယ်ကြသလို
မူလမျိုးရိုးဖြစ်သောရခိုင်တို့၏စကားဓလေ့ထုံးတမ်း
အစဉ်အလာတို့ကိုယနေ့တိုင်ကျင့်သုံးလျက်ရှိကြောင်း
တွေ့ရသည်။

နောက်တစ်ဖန်ကမန်ဟူသောဝေါဟာရသည်အဘယ်ကြောင့်
ပါရှားဘာသာစကားကဆင်းသက်လာသည်ကိုတင်ပြပါမည်။
တချို့ကကမန်ဟူသည်ဘင်္ဂါလီဘာသာစကားကဆင်းသက်
လာသည်ဟင်ဒီဘာသာစကားမှဆင်းသက်လာသည်ဟုလေ့
လာမှုအားနည်းစွာတင်ပြကြသည်ကိုတွေ့ရသည်။အမှန်မှာ
ကမန်ဆိုသည်မှာပါရှားမှဆင်းသက်လာသောစကားစစ်စစ်
သာဖြစ်သည်။ဘာသာကူးပြောင်းသက်ဝင်ခြင်းကြောင့်ပါရှား
တို့၏စကားကိုယူသုံးထားခြင်းမျိုးလည်းမဟုတ်ချေ။ကမန်
လေးသည်တော်တပ်ဆိုသည်မှာမင်းဘာကြီး(၁၅၃၁-၅၃)
လက်ထက်ပါရှန်သာသနာပြုတို့မရောက်ခင်အလျှင်ငနှလုံး
မင်း(၁၂၃၄-၃၇)လက်ထက်ကတည်းကကမန်လေးသည်
တော်တပ်အဖြစ်ရှိနှင့်နေပီးဖြစ်
ကြောင်းကိုရခိုင်ရာဇ၀င်ကျမ်းအသွယ်သွယ်တွင်တွေ့နိုင်သည်။
ကမန်ဟူသောဝေါဟာရသည်သာပါရှန်စကားမှဆင်းသက်ကာ
ရခိုင်စကားအဖြစ်စိမ့်ဝင်ခဲ့ခြင်းဖြစ်ပြီးမဂိုအင်ပါယာနှင့်လည်း
ကောင်းနိုင်ငံခြားတိုင်းပြည်များနှင့်လည်းကောင်းကူးလူးဆက်
ဆံခဲ့ရာမှာ၁၅ရာစုနှင့်၁၆ရာစုအစပိုင်းမှစ၍ဗုဒ္ဒဘာသာဝင်ရခိုင်
ဘုရင်မင်းတို့သည်ပါရှားဘုရင်တို့ခံယူသည်အစ္စလာမ်ဘွဲ့များ
ကိုခံယူခဲ့ကြသည်။ထို့အပြင်ဒင်္ဂါးများတွင်လည်းရိုက်နှိပ်ဖော်ပြခဲ့
သည်ဟုလည်းတချို့ကဆိုကြသည်။ဥပမာအားဖြင့်ဆိုရသော် 

မင်းခရီ(၁၄၃၄-၅၉)သည်အလီခန်
ဘစောဖြူ(၁၄၅၉-၈၂)သည်ကလီမာရှား
မင်းဒေါ်ရှာ(၁၄၈၂-၉၂)သည်မေနုရှား
ဘစောမင်းညို(၁၄၉၂-၉၄)သည်မိုဟာမက်ရှား
မင်းရန်အောင်(၁၄၉၄)သည်နရီရှား
စလင်္ကသူ(၁၄၉၄-၁၅၀၁)သည်ရှိတ်(က်)ဒဗဒူလာရှား

ရခိုင်ဘုရင်များပင်လျှင်ပါရှားနာမည်များခံယူခံလျှင်ရခိုင်ဝေါဟာ
ရများထဲသို့ပါရှားစကားလုံးများစိမ့်ဝင်ခဲ့သည်မှာမယုံနိုင်စရာ
မရှိပါချေ။ 

 


ရှာရှူဂျာအရေးအခင်းနှောင်းပိုင်းကမန်ရာဇ၀င်

ရှာရှူဂျာမင်းသားသည်၁၆၆၀တွင်နန်းလုရာရှုံးနိမ့်သဖြင့်ရခိုင်
ဘုရင်ထံသို့ခိုဝင်လာသည်။၁၆၆၁တွင်တော်လှန်ပုန်ကန်
သည်။တချို့ရာဇ၀င်များကလည်း၁၆၆၃တွင်ရှာရှူဂျာနောက်
လိုက်များကနန်းတော်ကိုမီးရှို့ရန်အထိကြံစည်ပုန်ကုန်ကြ
သည်ဟုလည်းဆိုသည်။အချုပ်ဆိုလျှင်
ရှာရှူဂျာမင်းသားပုန်ကုန်မှုအရေးနိမ့်ခဲ့သည်။ရှာရှူဂျာအပါအ၀င်
နောက်လိုက်အများအပြားအသက်ခံရသည်။ရှာရှူဂျာသည်
ပုန်ကန်ရာတွင်ရခိုင်ပြည်ရှိမဟာမဒင်ဘာသာဝင်များကို
စည်းရုံးခဲ့သည်ဟုဆိုသည်။ထိုအချင်းအရာကိုတချို့ရာဇ၀င်
ဆရာများကရှာရှူဂျာပုန်ကန်ရာတွင်ကမန်လေးသည်တော်
များသာပါဝင်သယောင်ရေးသားကြသည်ကိုတွေ့ရတယ်။

ရခိုင်ဘုရင်မှပုန်ကန်မှုကိုနှိမ်နှင်းပီးသည့်နောက်ရှာရှူဂျာ
နောက်လိုက်အကြွင်းအကျန်များကိုကမံလေမြှားစူးကိုကိုင်
စေပြီးသစ္စာတော်တိုက်ကာဘုရင့်လေးသည်တော်တပ်တွင်
အမှုတော်ထမ်းစေသည်။

ဤသည်ကိုထောက်ရှု၍ကမန်လေးသည်တော်များသည်ရှာရှူဂျာ
အရေးတော်ပုံတွင်ရန်သူဖက်မှပါဝင်ကူညီခြင်းမပြုခဲ့သည်ကို
တွေ့နိုင်သည်။အကယ်၍သာပါဝင်ခြင်းပြုခဲ့ပါကရခိုင်ဘုရင်မှ
ရှာရှူဂျာနောက်လိုက်များကိုကမန်လေးသည်တော်များနှင့်ပေါင်း
စည်းပေးခြင်းပြုခဲ့မည်မဟုတ်ပေ။ကမန်လေးသည်တော်တို့၏
သေစ္စာကိုယုံကြည့်၍သာကမန်တပ်နှင့်ပူးတွဲပေးခဲ့ခြင်းဖြစ်ပေမည်။

နောက်တစ်ပိုင်းကိုဆက်ပြောပါမည်။
ထို့သို့ရှာရှူဂျာနောက်လိုက်များကိုရခိုင်တပ်အတွင်းသို့ပေါင်း
စည်းစေပြီးနောက်ကိုယ်ရံတော်တပ်များအလွန်တန်ခိုးထွားလာ
ခဲ့သည်။အမှတ်စဉ်၂၆၀ရဓမ္မရာဇာမင်းမှစ၍အမှတ်စဉ်၃၄
စန္ဒသုရိယရာဇာမင်းတိုင်အောင်ကိုးဆက်သောမင်းတို့
သည်အာဏာဆက်မတည်ကြပေ။နန်းတွင်ကိုယ်ရံတော်
လေးသောင်း(တချို့ကလည်းလေးသောင်းနှစ်
ထောင်ဟုဆို)တို့သည်နန်းတော်ကိုကြီးစိုးကာနန်းတင်
နန်းချကိစ္စရပ်များကိုပင်ကြိုးကိုင်သည်အထိအင်အား
ကြီးမားခဲ့သည်။ထိုကိုယ်ရံတော်များထဲတွင်ရှာရှူဂျာ
နောက်လိုက်များအများအပြားပါဝင်သည်။
ကမန်လေးသည်တော်များလည်းပါဝင်ခဲ့သည်။ရခိုင်
တပ်သားများလည်းပါဝင်ခဲ့ပေမည်။(တချို့ရာဇ၀င်ဆရာ
များကကမန်လေးသည်တော်တို့သာပါဝင်သယောင်ရေး
သားကြသည်။ကိုယ်ရံတော်တပ်ဟူသည်ကားလေးသည်
တော်တပ်တစ်ခုသည်းသာပါဝင်သည်ဟု
မဆိုနိုင်ပေ)အဆိုးဆုံးလုပ်ရပ်မှာဘုရင်ကိုနန်းရင်ပြင်တွင်
ကွက်မျက်ခြင်း၊နန်းတော်ကိုမီးတင်ရှို့ခြင်းစသည်တို့
ကိုပြုလုပ်ခဲ့ကြသည်။

စန္ဒိဝိဇယမင်းဟုဘွဲ့ခံယူကာ၁၇၁၀တွင်နန်းတော်ကို
သိမ်းပိုက်ကာနန်းတက်သောမင်းတစ်ပါပေါ်ပေါက်
လာသည်။ထိုမင်းသည်ဆိုးသွမ်းနေသောကိုယ်ရံတော်
တို့ကိုနှိမ်နှင်းသည်။ကိုယ်ရံတော်တပ်ကိုဖျက်
သိမ်းပီးအင်အာ၃၀၀၀အထိလျှော့ချလိုက်သည်
။ပြည်သူတို့ကိုဇာတ်ဘာသာအလိုက်ခွဲခြား
ကာမြို့ရွာတည်ထောင်ပေးသည်။(ကမန်လေး
သည်တော်တို့ကိုနယ်နှင်ဒဏ်ပေးသည်ဟု
လည်းဆိုကြသည်)ထို့သို့ကိုးကွယ်ရာဘာသာအ
လိုက်ခွဲခြားကာနေရာသတ်မှတ်ပေးလိုက်
ခြင်းကြောင့်သာအစ္စလာမ်ဘာသာကိုးကွယ်သော
ကမန်လေးသည်တော်များစုမိကာသီးခြားကျေးရွာများ
နှင့်နေထိုင်ကာကမန်လူမျိုးများ
အဖြစ်သို့ပြောင်းလဲလာခဲ့ခြင်းဖြစ်ပေသည်။

Sunday, January 17, 2016

ရှရှူဂျာမင်းသားအရှုတ်တော်ပုံ

ကမန်တိုင်းရင်းသားတို့၏သမိုင်းကိုရေးမည်ဆိုလျှင်ရှာရှူဂျာမင်းသား
နှင့်ပတ်သက်၍မပါမဖြစ်ပေ။။၁၉၃၅၀န်းကျင်ကရှာဂျီဟန်ဟူသော
ဘုရင်တစ်ပါးသည်အိန္ဒိယပြည်ကြီးကိုအုပ်စိုးတော်မူသည်။၁၆၅၇တွင်
ဘုရင်ကြီးသည်အလွန်နာမကျန်းဖြစ်သည်။ထိုအချိန်တွင်
သားတော်များနန်းလုကြရာဒုတိယသားတော်ဖြစ်သည်ရှာရှူဂျာမင်းသား
အရေးနိမ့်သည်။ထိုစဉ်ကရခိုင်ပြည်ကိုအုပ်စိုးသောစန္ဒသုဓိမ္မရာဇာဘုရင်
ထံကြိုတင်ခွင့်ပြုချက်ဖြင့်နောက်လိုက်အင်အား၂၀၀(အချို့ရာဇ၀င်များက
၃၀၀ဟုဖော်ပြသည်)ဖြင့်ခိုလှုံလာသည်။ရခိုင်ဘုရင်ကလည်းဝမ်းပမ်းသ
သာကြိုဆိုသည်။ရှာရှူဂျာကရာသီဥတုသာလျှင်မက္ကာသို့သွားရောက်
လိုကြောင်း၊ထို့နောက်တူရကီသို့မဟုတ်ပါရှားတွင်အခြေချနေထိုင်ရင်
စိတ်ကူးကာရခိုင်ဘုရင်ထံသို့မေတ္တာရပ်ခံတောင်းဆိုသည်။ရခိုင်ဘုရင်
ကလည်းရွက်လှေများစီစဉ်ပေးပါမည်ဟုကတိပြုသည်ဟုဆိုသည်။ထို
သို့ခိုလှုံပီးအချိန်တစ်လကြာ(တချို့ရာဇ၀င်များကရှစ်လဟုဆိုသည်)
ရာသီဥတုသာယာသော်လည်းမက္ကာသို့ပို့ဆောင်ပေးရေးကို
ရခိုင်ဘုရင်ကမသိကျိုးကျွန်ပြုကာနေသည်။ထို့အပြင်ရခိုင်ဘု
ရင်ကရှာရှုဂျာ၏သမီးတော်ကိုတက်မက်မြတ်နိုးမိသည်။ထိုအ
ချင်းအရာကို၎င်းဘုရင်ကိုဆိုင်စပ်ဆိုခဲ့သော
'မဂိုမင်းသမီးအလှဘွဲ့ကဗျာ'ကိုထောက်
ဆ၍သိနိုင်သည်။ရခိုင်ဘုရင်ကရှာရှူဂျာထံသမီးတော်ကိုဆက်သရန်
တောင်းဆိုသည်။ထိုအချင်းအရာကြောင့်ဧည့်သည်အိမ်ရှင်
တို့မပြေမလည်ဖြစ်ကြသည်။ရခိုင်ဘုရင်ကသမီးတော်ကိုဆက်သမှ
သာမက္ကာသို့သွားရန်အကူအညီပေးမည်ဖြစ်ကြောင်းရာဇသံပေး
သည်ဟုလည်းအချို့အဆိုများကဆိုကြသည်။အဆိုအမျိုးမျိုးကွဲပြား
သော်လည်းထိုကိစ္စကြောင့်ပြသနာစသည်ခဲ့သည်မှာဖြစ်နိုင်ချေရှိ
သည်။ထို့နောက်ရှာရှူဂျာကရခိုင်ပြည်ရှိမဟာမဒင်ဘာသာဝင်များ
ကိုစည်းရုံးကာရခိုင်ဘုရင်အားတော်လှန်ပုန်ကန်ရန်ကြိုးပမ်းတော့
သည်။မပုန်ကန်မှီအလျှင်ရခိုင်ဘုရင်နားတော်သို့သတင်းပေါက်
ကြားကာရှာရှူဂျာနှင့်
မိသားစုများနောက်လိုက်များအများအပြားကွက်မျက်ခံရသည်။ကမန်
တိုင်းရင်းသားတို့နှင့်ပတ်သက်သောနားလည်မှုလွဲ
မှုများကထိုအချိန်မှစသည်။တချို့ရာဇ၀င်ဆရာများကရှာရှူဂျာနောက်
လိုက်အကြွင်းအကျန်များကိုကမန်လေးမြှားကို
ကိုင်စေပီးသစ္စာရေတိုက်ကာ
အမှုတော်ထမ်းစေသည်(ရခိုင်ရာဇ၀င်သစ်ကျမ်း)။ထိုနောက်လိုက်များမှ
စတင်၍ကမန်လူမျိုးဟူ၍ဆင်းသက်လာသည်။ရှာရှူဂျာနောက်လိုက်
များသည်မဂိုအဖဂန်ကြေးစားများဖြစ်သဖြင့်ကမန်
လူမျိုးများသည်အဖဂန်မဂိုအနွယ်များဖြစ်ကြသည်။
(Histroy of Burma GE Harvey)
ထိုကဲ့သိုသောအထက်ပါအကြောင်းအရာများကိုအပေါ်ယံရှိလျှင်မှန်
သယောင်ရှိသော်လည်းစေ့စေ့စပ်စပ်ကြည့်လျှင့်အောက်ပါအတိုင်း
တွေ့ရပေမည်။

ရှာရှူဂျာမင်းသားခိုလှုံလာသည်မှာ၁၆၆၀၀န်းကျင်ဖြစ်သော်လည်း
ရခိုင်ဘုရင်ထံတွင်ကမန်လေးသည်တော်တပ်အဖြစ်တွေ့ရှိရသည်
မှာငနှလုံးမင်း(၁၂၃၄-၄၇)ကတည်းက
စသည်။(ယင်းအချိန်မတိုင်မီကတည်းကဖြစ်နိင်ခြေရှိသည်။ထိုစဉ်
ကကမန်လေးသည်တော်များသည်အစ္စလာမ်ဘာသာကိုးကွယ်နေ
ပီဖြစ်ကြောင်းအထောက်အထားမရှိသေး)

မင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်မှအစ္စလာမ်သာသ
နာပြုများကြောင့်သာရခိုင်မင်းနေပြည်တော်တွင်အစ္စလာမ်ဘာသာ
ကိုးကွယ်မှုစတင်ခဲ့ခြင်းဖြစ်သည်။
(ရခိုင်မဟာရဇ၀င်ကြီး-ဦးသာထွန်းအောင်)

သီရိသုဓမ္မရာဇာ(၁၆၂၂-၃၈)တွင်ဘုရင်လေးသည်တော်မဟာမ
ဒင်ဘာသာဝင်များကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားသည်။
(ရခိုင်ရာဇ၀င်-ဦးအောင်သာဦး)

ရှာရှူဂျာမင်းသား၏နောက်လိုက်များမှာ၃၀၀၀န်းကျင်ထက်မ
ပိုပေ။ပုန်ကန်စဉ်ကလည်းအများအပြားအသက်ခံခဲ့ရပြီးဖြစ်သည်။
ထိုစဉ်ကကမန်လေးသည်တော်များ၏အင်အား
များအနည်းဆုံးငါးသောင်းမှခုနှစ်သောင်းထိရှိနိုင်ကြောင်းကို
မင်းဘာကြီးဘင်္ဂလာကိုစစ်ချီတက်ရာတွင်ပါဝင်သောကမန်တပ်
သားအင်အားကိုမှန်းဆ၍သိနိုင်သည်။ထိုစစ်သည်များ၏မှီခိုသူ
များကိုပါထည့်သွင်းခန့်မှန်းလျှင်ကမန်မိသာစုအင်အားသည်
၂သိန်းအထိရှိနေနိုင်သည်။

ရှာရှူဂျာ၏အနည်းအပါးသောနောက်လိုက်များကိုကမန်လေး
တပ်တွင်ပူးပေါင်းတာဝန်ထမ်းဆောင်စေခဲ့ခြင်းကြောင့်ကမန်
လူမျိုးများဖြစ်လာသည်။အစ္စလာမ်ကိုးကွယ်မှုအစ
ပြုသည်ဟုသောထင်မြင်ချက်များကိုအထက်ပါအချက်များကို
ထောက်ရ၍၍ယုတ္တိမတန်ကြောင်းကိုတွေ့နိုင်ပေသည်။ကမန်
လူမျိုးများသည်ရှာရှူဂျာမင်းသားမခိုလှုံလာမှီက
တည်းကပင်တည်ရှိနေပြီးဘာသာကူးပြောင်းကိုးကွယ်နေပီးဖြစ်
သည်မှာဧကန်အမှန်ပင်ဖြစ်ပေးသည်။