Sunday, July 19, 2015

ကမန်မျိုးနွယ်စုဟူသောအမည်နာမအကြောင်းသိကောင်းစရာများ



ကမန်ဆိုသည်မှာယခင်လူမျိုးတစ်မျိုး၏အမည်နာမမဟုတ်ပဲရခိုင်
ဘုရင့်လေးတပ်မတော်၏အမည်နာမတစ်ခုသာဖြစ်ပြီးရခိုင်မင်း
နေပြည်တော်ကြီးပျက်သုန်းပြီးနောက်အစုလိုက်အဖွဲ့လိုက်
နေထိုင်လာခဲ့ကြသောရခိုင်လေးကိုင်သူရဲကောင်းအစုအဖွဲ့
ကိုရခိုင်မျိုးနွယ်စု ‘ကမန်’လူမျိုးများအဖြစ်ယနေ့တိုင်
ဆက်လက်ခေါ်ဝေါ်သုံးစွဲလာခဲ့ကြသည်။
ရခိုင်ဘုရင်ဘစောဖြူမင်း လက်ထက်ရခိုင်စာဆိုပညာရှိအ
မတ်ကြီးအဒူမင်းညိုရေး ရခိုင်မင်းသမီးဧချင်း အပိုဒ် ၃၃
တွင်အထက်ပါအတိုင်း ‘ကြော်လေးကမန်’ ဟုဖော်ပြထား
သည်ကိုတွေ့ရသည်။ ပညာရေးဝန် ကြီးဌာန၊ အဝေးသင်
တက္ကသိုလ်၊စတုတ္တနှစ်မြန်မာစာအထူးပြုသင်
ရိုးအမှတ် မ-၄၁၂ ရခိုင် မင်းသမီးဧချင်း အပိုဒ် ၃၃ ပါ ‘ကမန်
ရှင်းလင်းချက်တွင် (ကမန်ဆိုသည်မှာလေးမြားအတက် တွင်ကျွမ်းကျင်သောလေးသည်တော်ကိုခေါ်သည်။ရခိုင်
တပ်မတော်တွင်လေးသည်တော်တပ် ပါရှိရာ၎င်းတပ်
တွင်အမှုထမ်းသူများအား ‘ကမန်’ ဟုခေါ်သည်။
ရခိုင်ရာဇ၀င်တွင် ‘ကမံ’ ဟုဖော်
ပြသည်။ မင်းရာဇာကြီးလက်ထပ်ဟံသာဝတီချီတပ်တွင်

 ‘ကမန်လေးကိုင်သူရဲ၊ တစ်ထောင်

ပါဝင်သည်။
) ဟုတွေ့ရသည်။ (အပေါ်ပုံ ) ကမန်ဟူသော
ဝေါဟာရမှာလေးမြားအတက်တွင်ကျွမ်းကျင်သူဟုသော
အနက်အပြင်‘လေး’ ဟူ၍လည်းအဓိပ္ပါယ်ရသည်။
 GE Harvey ရေး History of
 Burma တွင် Kaman( Persian )= Bow ဟုဖော်ပြထား
သည်ကိုလည်းတွေ့ရသည်။ (အပေါ်ပုံ )ရခိုင်ဘုရင့်တပ်မ
တော်တွင်ရခိုင်လူမျိုးတို့နှင့်ဖွဲ့စည်းထားသည့်သူရဲကောင်း
တပ်အား ပါရှန်မည် ကမန်ဟုမှည့်ဆိုထားခြင်းအားလေ့
လာဆန်းစစ်ကြည့်ရာတွင်
ရခိုင်သက်ဦးဆံပိုင်ဘုရင်များစိုးစံစဉ်ကာလမြောက်ဦးခေတ်တစ်
လျှောက်ရွှေနန်းတော်သဘင်ဖွဲ့စည်းရာတွင်ဘုရင်အားအထွတ်
အထိပ်ထား၍ဘုရင်အပါးခစားရသောဟာဇရာကြီးများ

လက်ဝဲလက်ယာ၊ဟာဇရာငယ်များလက်ဝဲလက်ယာ၊ဇုန္တတ်ခေါ်
လက်ရွေူးစင်စစ်သူကြီးများ၊

တပ်မှူးကြီးများစသည်ဖြင့်အဆင့်ဆင့်ပါဝင်ဖွဲ့စည်းထားကြောင်း
ဦးစက္ခိန္ဒ၏ရခိုင်နန်းတွင်း ညီလာခံဖွဲ့စည်းပုံဆောင်းပါး​တွင်ရေးသားဖော်ပြထားသည်ကိုဖက်ရွက်ခဲ့ဖူးလေသည်။
ထိုဟားဇရားကြီး၊ဟားဇရားငယ်၊ဇုန္တတ်ကြီး၊ဇုန္တတ်ငယ်နှင့်ပါရ
ဒါရမိန်းမိများစသောအသုံးအနှုန်းများနှာမူရင်း ရခိုင်ဝေါဟာရများ
မဟုတ်ပဲပါရှန်ဘာသာစကားများနှင့်ယှက်နွယ်နေသောစကား
များသာဖြစ်ကြောင်း လေ့လာသိရှိ့ပါသည်။ထိုအပြင် ၁၅
ရာစုနှင့် ၁၆ ရာစုအစပိုင်းမှစ၍အချို့ရခိုင်ဘုရင်များသည်

ဗုဒ္ဒဘာသာဝင်များဖြစ်သော်လည်း ၄င်း၏နာမည်များအပြင်ပါရှန်
လူမျိုးများခံယူသည့်အစ္စလာမ် ဘွဲ့များခံယူခဲ့ကြောင်းကိုလည်း
တွေ့ရှိခဲ့ရပါသည်။


ဤသည်တို့ကိုထောက်ရှု၍ထိုခေတ်ထိုအခါကပါရှန်တို့၏အရှိန်
အ၀ါသည်ရခိုင်မင်းနေပြည်တော်အပေါ်အတော်အတန်လွှမ်းမိုး
မှုများရှိခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။

References;
(1) History of Burma ( G E Harvey )
(2) ပညာရေးဝန်ကြီးဌာန၊အဝေးသင်တက္ကသိုလ်၊မြန်မာစာ
      အထူးပြု သင်ရိုးအမှတ် မ-၄၁၂
(3) ကမန်မျိုးနွယ်စုသမိုင်း ( မောင်ဆန္ဒ-လယ်ဝေး )
(4) ရခိုင်အနွယ်ဝင်ကမန်လူမျိုးတို့ဖြစ်စဉ်သမိုင်း
     ( ဦးရွှေပြည့်-ကျောင်းအုပ်ကြီးအငြိမ်းစား)

No comments:

Post a Comment