Sunday, September 27, 2015

အလောင်းမင်းတရားကြီးမှကမန်တိုင်းရင်းသားတို့ အားဘွဲ့အမည်ချီးမြင့်ခြင်း

ကမန်တိုင်းရင်းသားတို့ သည်ရှေးယခင်ကတည်း
ကပင်နိုင်ငံတော်အတွက်ကျရာတာဝန်ကိုထမ်းရွက်ခဲ့
သူများဖြစ်ကြသည်။ ရခိုင်မင်းနေပြည်တော်တွင်
ဘုရင့်ကိုယ်ရံတော်လးသည်တော်များအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်သာမက မြန်မာဘုရင်
များထံတွင်လည်းနိုင်ငံတာဝန်ကိုထမ်းရွက်ခဲ့ကြသည်။
အလောင်းမင်းတရားကြီးကအရေးတော်ပုံတွင်ရွံရွံချွံချွံ
ထမ်းဆောင်ခဲ့သည်မှုတော်မက်တော်များအားဘွဲ့အ
မည်များချီးမြင့်မြောက်စားရာတွင် ကမန်တိုင်းရင်သား
တို့ ပါဝင်ခဲ့ကြောင်းကိုအောက်ပါအတိုင်းသမိုင်းသက်
သေခံလျှက်ရှိသည်။ ရှေးကမန်တို့ ၏နိုင်ငံတော်အပေါ်
တာဝန်ထမ်းရွက်ခဲ့ပုံများမှာ ယနေ့ ကမန်လူငယ်တို့ ၏
အားကျဖွယ် ဂုဏ်ယူဖွယ် အတုယူဖွယ်တို့ ဖြစ်နေတော့
သည်။










ကမန်မျိုးနွယ်စုသမိုင်းစာအုပ်လှူဒန်းမှုများ

ကမန်တိုင်းရင်းသားလူငယ်များအစည်းအရုံးသည် ကမန်တို့၏သမိုင်းကြောင်းယဉ်ကျေးမှု၊ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကိုအခြားသော
တိုင်းရင်းသားညီအကိုများသိစေရန်အလို့ငှာ
လည်းကောင်း၊ကမန်သမိုင်းကိုစိတ်ဝင်စားသော
မည်သူမဆိုအလွယ်တူလေ့လာကြည့်ရှု့စေရန်
လည်းကောင်း အောက်ဖော်ပြပါ
စာကြည့်တိုက်များတွင် ကမန်သမိုင်းမျိုးနွယ်စုသမိုင်း (မောင်ဆန္ဒ-လယ်ဝေး)
စာအုပ်များကိုလှူဒန်းခဲ့ပြီးဖြစ်ပါသည်။

(၁) အမျိုးသားစာကြည့်တိုက် (ရန်ကုန်)
(၂)ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်
(၃)စာပေဗိမာန်စာကြည့်တိုက်
(၄)ပညာအလင်းစာကြည့်တိုက်
(၅)အခြားတိုင်းရင်းသားအဖွဲ့စည်းများ


Wednesday, September 23, 2015

ကမန်မိသားစုပညာရည်ချွန်ဆုပေးပွဲနှင့်မိတ်ဆုံစားပွဲ (၂၁.၁.၂၀၀၇) ပုံရိပ်များ






 ၂၀၀၇ခုနှစ်ကကျင်းပပြုလုပ်ခဲ့တဲ့ ကမန်ပညာရည်ချွန်ဆုပေးပွဲ
နှင့်မိတ်ဆုံစားပွဲဒီနှစ်မှာပြုလုပ်ခဲ့တဲ့ဆရာဝန်အသင်းခန်းမက
အစီအစဉ်ပြီးရင်အအောင်အမြင်ဆုံးအစီအစဉ်တစ်ခုလို့ပြော
လို့ရပါလိမ့်မယ်။ ဒီအခမ်းအနားကတချို့ကမန်လူကြီးများဟာ
ကွန်လွန်သွားကြသူများလည်းရှိပါတယ်။သူတို့မရှိကြတော့ပေ
မယ့်ကမန်အမျိုးသားရေးလှုတ်ရှားမှုကတော့ယနေ့တိုင်ဆက်
  လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ ကမန်တို့ရဲ့ကြိုးစားအားထုတ်ခဲ့ 
  မှုများကိုယနေ့လူငယ်တို့အားကျဂုဏ်ယူတက်စေရန်ရည်ရွယ်
 ၍ ထိုနေ့ကမြင်ကွင်းတချို့ကိုပြန်လည်ပြသပေးလိုက်ပါတယ်။

 










Wednesday, July 22, 2015

ကမန်တိုင်းရင်းသားများသင်္ကြန်ပွဲဆင်နွဲကြပုံများ

ရခိုင်ပြည်နယ် စစ်တွေမြို့ သာယာကုန်းကျေးရွာ
ရှိကမန်တိုင်းရင်းသားများရေကစားကြပုံများ

Credit To Min Ye Kyaw Sar Facebook






















Monday, July 20, 2015

၂၀၀၅ ခုနှစ်ကမန်ပျော်ပွဲစား




စစ်တွေ့မြို့ သင်္ဂနက်ကျေးရွာမှ ကမန်တိုင်းရင်းသား/သူများ ပျော်ပွဲစား
ထွက်ခဲ့စဉ်ကပုံဖြစ်ပါသည်။ ၂၀၀၅ခုနှစ်စစ်တွေမြို့ အုန်းတောကြီး 
တွင်ဖြစ်ပါသည်။

Sunday, July 19, 2015

ကမန်မျိုးနွယ်စုဟူသောအမည်နာမအကြောင်းသိကောင်းစရာများ



ကမန်ဆိုသည်မှာယခင်လူမျိုးတစ်မျိုး၏အမည်နာမမဟုတ်ပဲရခိုင်
ဘုရင့်လေးတပ်မတော်၏အမည်နာမတစ်ခုသာဖြစ်ပြီးရခိုင်မင်း
နေပြည်တော်ကြီးပျက်သုန်းပြီးနောက်အစုလိုက်အဖွဲ့လိုက်
နေထိုင်လာခဲ့ကြသောရခိုင်လေးကိုင်သူရဲကောင်းအစုအဖွဲ့
ကိုရခိုင်မျိုးနွယ်စု ‘ကမန်’လူမျိုးများအဖြစ်ယနေ့တိုင်
ဆက်လက်ခေါ်ဝေါ်သုံးစွဲလာခဲ့ကြသည်။
ရခိုင်ဘုရင်ဘစောဖြူမင်း လက်ထက်ရခိုင်စာဆိုပညာရှိအ
မတ်ကြီးအဒူမင်းညိုရေး ရခိုင်မင်းသမီးဧချင်း အပိုဒ် ၃၃
တွင်အထက်ပါအတိုင်း ‘ကြော်လေးကမန်’ ဟုဖော်ပြထား
သည်ကိုတွေ့ရသည်။ ပညာရေးဝန် ကြီးဌာန၊ အဝေးသင်
တက္ကသိုလ်၊စတုတ္တနှစ်မြန်မာစာအထူးပြုသင်
ရိုးအမှတ် မ-၄၁၂ ရခိုင် မင်းသမီးဧချင်း အပိုဒ် ၃၃ ပါ ‘ကမန်
ရှင်းလင်းချက်တွင် (ကမန်ဆိုသည်မှာလေးမြားအတက် တွင်ကျွမ်းကျင်သောလေးသည်တော်ကိုခေါ်သည်။ရခိုင်
တပ်မတော်တွင်လေးသည်တော်တပ် ပါရှိရာ၎င်းတပ်
တွင်အမှုထမ်းသူများအား ‘ကမန်’ ဟုခေါ်သည်။
ရခိုင်ရာဇ၀င်တွင် ‘ကမံ’ ဟုဖော်
ပြသည်။ မင်းရာဇာကြီးလက်ထပ်ဟံသာဝတီချီတပ်တွင်

 ‘ကမန်လေးကိုင်သူရဲ၊ တစ်ထောင်

ပါဝင်သည်။
) ဟုတွေ့ရသည်။ (အပေါ်ပုံ ) ကမန်ဟူသော
ဝေါဟာရမှာလေးမြားအတက်တွင်ကျွမ်းကျင်သူဟုသော
အနက်အပြင်‘လေး’ ဟူ၍လည်းအဓိပ္ပါယ်ရသည်။
 GE Harvey ရေး History of
 Burma တွင် Kaman( Persian )= Bow ဟုဖော်ပြထား
သည်ကိုလည်းတွေ့ရသည်။ (အပေါ်ပုံ )ရခိုင်ဘုရင့်တပ်မ
တော်တွင်ရခိုင်လူမျိုးတို့နှင့်ဖွဲ့စည်းထားသည့်သူရဲကောင်း
တပ်အား ပါရှန်မည် ကမန်ဟုမှည့်ဆိုထားခြင်းအားလေ့
လာဆန်းစစ်ကြည့်ရာတွင်
ရခိုင်သက်ဦးဆံပိုင်ဘုရင်များစိုးစံစဉ်ကာလမြောက်ဦးခေတ်တစ်
လျှောက်ရွှေနန်းတော်သဘင်ဖွဲ့စည်းရာတွင်ဘုရင်အားအထွတ်
အထိပ်ထား၍ဘုရင်အပါးခစားရသောဟာဇရာကြီးများ

လက်ဝဲလက်ယာ၊ဟာဇရာငယ်များလက်ဝဲလက်ယာ၊ဇုန္တတ်ခေါ်
လက်ရွေူးစင်စစ်သူကြီးများ၊

တပ်မှူးကြီးများစသည်ဖြင့်အဆင့်ဆင့်ပါဝင်ဖွဲ့စည်းထားကြောင်း
ဦးစက္ခိန္ဒ၏ရခိုင်နန်းတွင်း ညီလာခံဖွဲ့စည်းပုံဆောင်းပါး​တွင်ရေးသားဖော်ပြထားသည်ကိုဖက်ရွက်ခဲ့ဖူးလေသည်။
ထိုဟားဇရားကြီး၊ဟားဇရားငယ်၊ဇုန္တတ်ကြီး၊ဇုန္တတ်ငယ်နှင့်ပါရ
ဒါရမိန်းမိများစသောအသုံးအနှုန်းများနှာမူရင်း ရခိုင်ဝေါဟာရများ
မဟုတ်ပဲပါရှန်ဘာသာစကားများနှင့်ယှက်နွယ်နေသောစကား
များသာဖြစ်ကြောင်း လေ့လာသိရှိ့ပါသည်။ထိုအပြင် ၁၅
ရာစုနှင့် ၁၆ ရာစုအစပိုင်းမှစ၍အချို့ရခိုင်ဘုရင်များသည်

ဗုဒ္ဒဘာသာဝင်များဖြစ်သော်လည်း ၄င်း၏နာမည်များအပြင်ပါရှန်
လူမျိုးများခံယူသည့်အစ္စလာမ် ဘွဲ့များခံယူခဲ့ကြောင်းကိုလည်း
တွေ့ရှိခဲ့ရပါသည်။


ဤသည်တို့ကိုထောက်ရှု၍ထိုခေတ်ထိုအခါကပါရှန်တို့၏အရှိန်
အ၀ါသည်ရခိုင်မင်းနေပြည်တော်အပေါ်အတော်အတန်လွှမ်းမိုး
မှုများရှိခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။

References;
(1) History of Burma ( G E Harvey )
(2) ပညာရေးဝန်ကြီးဌာန၊အဝေးသင်တက္ကသိုလ်၊မြန်မာစာ
      အထူးပြု သင်ရိုးအမှတ် မ-၄၁၂
(3) ကမန်မျိုးနွယ်စုသမိုင်း ( မောင်ဆန္ဒ-လယ်ဝေး )
(4) ရခိုင်အနွယ်ဝင်ကမန်လူမျိုးတို့ဖြစ်စဉ်သမိုင်း
     ( ဦးရွှေပြည့်-ကျောင်းအုပ်ကြီးအငြိမ်းစား)